Saturday, June 4, 2022

ဣတ္တိဝင်္ကံ - အခန်း (၇)


အခန်း ၇။

"ချိုလေး လည်း ဆိုဖါမှာပဲ ထိုင်ရင်း က ဘာလုပ်ရမှန်းမသိဘူး၊ ခြေကျင်း ဝတ်က ယောင်ပြီး အရမ်းနာနေတော့ အရိုးများ အက်သွားပလား ဘာလားမသိ၊ နာတာကလည်း တဖြည်းဖြည်း ပိုဆိုးလာသလိုပဲ၊ အဲလို နေရင်း နာရီဝက်လောက်ပဲ ဦးသာမြတ်ကြီး ပြန်ရောက်လာတယ်၊ သူက နို့ နဲ့ လိမ္မော်ရည်တင် မကဘူး တခြားဟာတွေ ပါ ယူလာတယ်၊ ဒီကွန်ဒို က အခန်းတခု ကနေ သူငှားလာတာတဲ့ ဂျိုင်းထောက် တစုံရယ် အထုပ်တထုပ်ရယ်၊ အဲဒါတွေ ခနချပြီး သူက မီးဖို မှာ နို့တွေ လိမ္မော်ရည်တွေ အရင် သွားထားလိုက်တယ်၊ ပြီးမှ ပြန်လာပြီး ချိုလေး ရှေ့ ကြမ်းပြင်မှာ ထိုင်ချလိုက်တယ်၊ ချိုလေး က ဟယ် ဦးသာမြတ်ကြီး ဘာလုပ်မလို့လဲ ဆိုတော့၊ မမလေး ကျနော် တို့ နယ်ဖက်က သုံးတဲ့ ဒဏ်ကြေဆေး တဲ့ ကျနော် ခနခန သုံးဖူးတယ် အရမ်းကောင်းတာတဲ့ အဲဒါလေး အသားထဲ ဝင်အောင် ပွတ်လိမ်း ပြီး နည်းနည်းလေး နှိပ်ပေးလိုက်ရင် သက်သာသွားမှာတဲ့၊ ချိုလေး ကတော့ ရပါတယ် ဦးသာမြတ် ရယ် ကျမ ဆရာဝန်ဆီ သွားရမယ်ထင်ပါတယ်လို့ ပြောလိုက်တယ်၊ ဒါပေမဲ့ သူက ဆေးလိမ်းပေးဖို့ အသင့် ဖြစ်နေပြီ၊ နောက်ပြီး၊ ဒါလေး စမ်းကြည့်စမ်းပါ မမလေး ရယ်၊ ကျနော် အာမခံတယ်၊ ကျနော်က အရိုးအကြော ကျွမ်းပါတယ်တယ် အနှိပ်လည်းကောင်းတယ်၊ ခနလေး နဲ့ သက်သာသွားမယ် မယုံရင်ကြည့် လို့ပြောပြီး ‌ဆေးတွေကို ချိုလေး ခြေကျင်း ဝတ်မှာ လိမ်းတော့တာပဲ၊ "

"ဝိုးးးးး သူက ချိုလေး ခြေထောက်တွေကို ကိုင်တယ်၊ ချိုလေးကလည်း ခွင့်ပေးတယ်ပေါ့"

"အဖြစ်အပျက် ကလည်း မြန်တယ်လေ၊ ချိုလေး လည်း ရွေးစရာလမ်းမှ မရှိတာ၊ သူ့ကို ကန်ထုတ်ပြစ်ဖို့လည်း မဖြစ်နိုင်ဘူးလေ"

"ဟုတ်ပါတယ်လေ ၊ အဲဒါနဲ့ သူက နှိပ်ပေးရောလား"

"အင်း သူက ဆေးကို ခြေကျင်းဝတ် တခုလုံး ပတ်လည်မှာ လိမ်းပေးတယ် ပြီးတော့ သူ့လက်ကြမ်းကြီးနဲ့ ပွတ်ရင်းက နှိပ်ပေးတယ်၊ "

ချိုလေး က ပြောရင်း နဲ့ မျက်နှာလေး နီလာတာ တွေ့ရတယ်၊

"ဘယ်လို နေလည်း ကောင်းလား"

"အင်း ဆေး က အသားပေါ် မှ ဖိန်းတိန်းရှိန်းတိန်း လေး ဖြစ်လာတယ် တေဇော်ဘန်း လိုပဲ နောက် နှိပ်တာကလည်း အကြောသိသလိုပဲ ၊ ချိုလေး နာတာ သက်သာလာတယ်"

"ကိုကို ဆိုလိုတာက တစိမ်းယောက်ျား တယောက်ရဲ့ လက်က ချိုလေး ခြေထောက်တွေကို ထိတွေ့ ပွတ်သတ်ပေးနေတာ ဖီးလ်ကောင်းလားလို့ မေးတာပါ"

ကျနော့် လေသံထဲ သဝန်တိုတဲ့ အသံပါသွားတယ်၊ ချိုလေး က ချက်ခြင်း သိတယ်။

"အော် ကိုကို က ဒါကို ကျတော့ သဝန်တိုတယ်ပေါ့၊ သူကိုယ်တိုင် ကျတော့ ကမ္ဘာတဝက်လောက်က နိုင်ငံတွေမှာတွေ့တဲ့ မိန်းမ တွေနဲ့ အိပ်နေပြီးတော့"

ချိုလေး က ကျနော့် ကို ဒေါသသံလေး နဲ့ တုန့်ပြန်လိုက်တယ်။

"အော် ကိုကို က အဲဒီ သဘောမျိုးနဲ့ မေးတာ မဟုတ်ပါဘူးကွာ၊ တကယ်သဘောရိုးနဲ့ မေးကြည့်တာပါ"

ကျနော် က ဆင်ခြေပေးလိုက်တယ်၊ ချိုလေး က ကျနော့်ကို ပထမ စိမ်းစိမ်း ကြီး ကြည့်နေပြီးမှ မျက်နှာ ထားပြန်ပျော့ သွားပြီး၊

"အင်း ချိုလေး လည်း ကိုကို့ ကို အဲလို ပြန်ချေမယ်လို့ မတွေးထားပါဘူး၊ တကယ် ပွင့်ပွင့်လင်းလင်း ပြောရရင် တော့ ချိုလေး လည်း နည်းနည်း တော့ ဘယ်လို ပြောမလဲ၊ စိတ်ထ လာတာ မျိုး မဟုတ်ပေမဲ့၊ တစိမ်းယောက်ျား တယောက် ရဲ့ အထိအတွေ့ ကတော့ တမျိုး ဖြစ်စေတာပဲ၊ သူ့ လက်တွေက ချိုလေး ခြေထောက်ကို ပွတ်ပေးနေတော့ ကြက်သည်းလေး တော့ ထ လာတာပဲ"

"အင်း အဲဒါက သဘာဝ ပါပဲ၊ တချို့ တွေ ဆို ခြေထောက် က အထိအတွေ့ ခံစားမှု ပို ပြင်းတတ်တာတောင် ရှိသေးတယ်"

"ထားပါတော့၊ ဦးသာမြတ်ကြီး ရဲ့ ပုံစံကလည်း တကယ့်ကို စီးရီးယပ်၊ သူက ချိုလေး ခြေထောက်ကို ပဲ အာရုံထားပြီး နှိပ်ပေးနေတာ၊ တခါတလေ တော့ ခြေသလုံး ကို လာပွတ်သတ်မိပါတယ်"

ချိုလေး စကားပြောနေရင်း က အသက်ရူသံ နည်းနည်း လေး ပြင်းလာတာကို ကျနော် သတိထားမိနေတယ်၊

"ဘယ်လောက် ကြာသွားလဲ"

"နှိပ်တာက တော့ စုစုပေါင်း ဆယ်မိနစ်လောက်ပါပဲ၊ နိပ်နေတုန်း နှစ်ယောက်စလုံး ဘာစကားမှ မပြောဖြစ်ပါဘူး၊ သူ ချိုလေး ခြေသလုံးကို လာလာ ပွတ်တာ သုံးလေးခါ လောက်ဖြစ်လာတော့မှ ချိုလေးက ဦးသာမြတ် ကျမ နာတက ခြေကျင်းဝတ်ပါ၊ ခြေသလုံးက ဘာမှ မဖြစ်ပါဘူး၊ လို့ ပြောလိုက်တယ် အဲတော့ သူ နည်းနည်းရှက်သွား ပုံရတယ်၊ တောင်းပန်ပြီး တော့၊ ကမန်းကတမ်း ထလိုက်တယ်၊ ပြီးသွားပြီ ဆိုပြီးတော့၊ ချိုလေး တို့ နှစ်ယောက်လည်း တယောက်နဲ့ တယောက် အိုးတိုးအန်းတန်း တွေ ဖြစ်၊ ချိုလေး က ကျေးဇူးပါပဲ လို့ ထပ်ပြောလိုက်တယ်။"

"အင်း စိတ်ဝင်စားစရာပဲ"

"နောက် သူ ပြန်အထွက်မှာ မမလေး တခုခု လိုရင် သူ့ဆဲလ်ဖုံးကို ခေါ်ပါ ဆိုပြီး သူ့ဆဲလ်ဖုံး နံပတ်ပေးသွားတယ်၊ သူနှိပ်ပေးသွားတာက တော့ တကယ့်ကို သက်သာ သွားတယ်၊ သိပ်မနာတော့ ဘူး ဒါပေမဲ့ အဲဒီ ခြေထောက်ပေါ်မှာ တော့ အားပြုလို့ မရသေးဘူး၊ သူယူလာတဲ့ ချိုင်းထောက် ကို အားပြုပြီး သွားရတယ်၊ အိမ်မှာ ရှိတဲ့ အကိုက်အခဲ ပျောက်ဆေး ထယူပြီး သောက်လိုက်ရတယ်။ ပြီးတော့ ခန မှေးလိုက်တာ အိပ်ပျော်သွားတယ်"

"အင်း"

"တနာရီလောက် အိပ်ပျော်သွားတယ် ထင်တယ် တံခါးက ဘဲလ် မြည်တော့ မှ နိုးလာတယ်၊ ချိုင်းထောက်နဲ့ သွားတံခါးဖွင့်ပေးလိုက်တော့ ဦးသာမြတ်ကြီး တံခါးဝမှာ၊ အထုပ်တွေနဲ့ သူက ချိုလေး ထမင်းဟင်းလည်း ချက်နိုင်မှာ မဟုတ်ဘူး ဆိုတာ တွေးမိလို့ အနားက စားသောက်ဆိုင် တခု ကနေ စားစရာတွေ သွားဝယ်လာ ပေးတာတဲ့၊ ချိုလေး လည်း ကျေးဇူးပါပဲ ဆိုပြီး မီးဖိုက စားပွဲပေါ်မှာ တင်ထာခိုင်းလိုက်တယ်။ သူက ခွက်တွေ ပုဂံတွေ ယူပြီး တခါထဲ ပြောင်းထည့်ပေးနေတာကို အားနာတာနဲ့ ဦးသာမြတ် ရော တခါထဲ ဝင်စားလိုက်ပါ လားလို့ ပြောလိုက်တယ်"

"ဟဟ လန့်ချ်ဒိတ် ပေါ့ "

"ကိုကို နော်"

ချိုလေး က လှမ်းဟန့်လိုက်တယ်၊ သူ့မျက်နှာလေး ကတော့ ပန်းရောင် သန်းနေတယ်။

"ထားပါတော့ အသေးစိတ် တိုလီမှုတ်စတွေ တော့ ကိုကို ပျင်းနေမှာ မို့ မပြောတော့ပါဘူး၊ လိုရင်း တိုရှင်း ပြောရရင်တော့ နောက်ပိုင်း ရက်တွေမှာ သူက ချိုလေး တို့ ကို အတော် အကူအညီ ပေးခဲ့တာ၊ ချိုလေး လမ်း ကောင်းကောင်း ပြန်မလျှောက်နိုင်ခင် အချိန်တွေမှာ စျေးသွားဝယ်ပေးတာတို့ သားကို ကျောင်း ဘပ်စ် ဆီကို ပို့ပေး၊ ကြိုပေးတာတို့၊ က‌လေးကစားကွင်းကို ခေါ်သွားပေးတာတို့"

"နောက်ထပ် ရော အနှိပ်လက်စွမ်းလေး ဘာလေး ပြသေးလား"

"အင်း"

ချိုလေး မျက်နာ သိသိသာသာလေး နီတက်လာတယ်။

"တနေ့ နှစ်ခါ နှိပ်ပေးတယ်၊ အရမ်းကို သက်သာလာတယ်၊ ချိုလေး ဆရာဝန်ဆီ တောင် သွားစရာ မလိုတော့ဘူး"

"ကောင်းတာပေါ့"

ချိုလေး စကားစ ရပ်သွား ပြီး ငြိမ်သွားတယ်။ သူ့အမူအယာ ကြည့်လိုက်တာနဲ့ သူ့မှာ ပြောစရာတွေ ကျန်နေသေးတယ် ဆိုတာ ကျနော်သိတယ်၊ ဒါပေမဲ့ ရှက်နေပုံရတယ်၊ ကျနော်လည်း ငြိမ်နေလိုက်တယ်။ ခနနေတော့မှ ကျနော်က၊

"ဒါပဲလား၊ ဘာပြောစရာကျန်သေးလဲ "

လို့ မေးလိုက်တော့ ချိုလေး မျက်နာ နီရဲ ပြီး ခေါင်းညိမ့်ပြတယ်။

"ဆက်ပြောလေ"

"အာ့ ဟို ရှက်စရာကြီး၊ ကိုကို ချိုလေး ကို စိတ်ဆိုးလိမ့်မယ် ထင်တယ်"

"မဆိုးပါဘူးကွာ ကိုကို ဂတိပေးပါတယ်"

ပြောသာ ပြောလိုက်ရတယ်၊ ကျနော့် စိတ်ထဲ မှာတော့ ဖြစ်နိုင်ခြေတွေ မျိုးစုံ လျှောက်တွေးနေမိပြီ၊ သူတို့ နှစ်ယောက် ကြားမှာ ဘာတွေ ဖြစ်နိုင်မလဲ ဆိုတာ။

"အင်း နောက်ဆုံး အကြိမ် သူ ချိုလေး ကို နှိပ်ပေးတော့ ချိုလေး က အကိုက်အခဲ ပျောက်ဆေး အပြင်းစား ကို သောက်ထားတယ်၊ ချိုလေး က ဆိုဖာမှာ ထိုင်ပြီး သူက ကြမ်းမှာ ထိုင်လို့ ထုံးစံအတိုင်း ခြေထောက်ကို နှိပ်ပေးနေတယ်၊ ဆေးက လည်း ပူရှိန်းရှိန်း သူ့လက်တွေ ကလည်း ကြွက်သားလေး တွေကို ဖြေလျော့ ပေးနေသလိုမို့ ချိုလေး မှေးကနဲ အိပ်ပျော် သွားတယ်၊ ဘယ်လောက် ကြာအောင် အိပ်ပျော် သွားမှန်း တော့ မသိဘူး၊ ချိုလေး မျက်နှာကို တခုခု လာထိနေသလို ခံစားနေရလို့ နိုးလာတယ်၊ နောက် တော့ အဲဒါ ဦးသာမြတ် ကြီးရဲ့ နူတ်ခမ်းမွှေး ပါးပါး လေးက လာထိနေတယ် ဆိုတာသိလိုက်ရတယ်"

"ဘာ"

ကျနော် တောင် ကိုယ် ဒိန်းကနဲ မတ်သွားပြီး နှလုံးခုန်တောင် ရပ်သွားသလိုပဲ ဖြစ်သွားတယ်။

"သူက ဆိုဖာပေါ်မှာ ဒူးတဖက် ချိုလေး ဘေးမှာ ထောက်ထားရင်း ချိုလေး ပါးတွေကို ဖွဖွလေး လာနမ်း နေတာ၊ ချိုလေး မျက်လုံးက တဝက်လောက် ပွင့်သွားတော့ သူလည်း ချိုလေး နိုးသွားတာကို သိလိုက်တယ်၊ သူလည်း ဆပ်ကနဲ တုံပြီး ရပ်သွားတယ်၊ ချိုလေး သူ့မျက်လုံးတွေကို စိုက်ကြည့် နေမိတယ်၊ ချိုလေး ရဲ့ စိတ်တဝက်က သူ့ကို အော်ဟစ် ပြီး တွန်းပြစ်လိုက်ဖို့ ပြောနေပေမဲ့၊ ကိုကို ချိုလေး ဘယ်လို ဖြစ်သွားလဲ မသိဘူး၊ စိတ်ထဲ မှာ သူနဲ့ ရင်းနှီး နေသလို ခံစားနေရတယ်၊ တခါတလေ ဘယ်လို ဖြစ်သွားမှန်း မသိဘူး ဆိုတဲ့ အချိန်ကာလလေး တခု ဖြစ်မယ်ထင်တယ်၊ ချိုလေး ဘာမှ မပြောမိဘူး၊ သူနဲ့ မျက်လုံးချင်း စုံပြီး ပဲ စိုက်ကြည့်နေမိတယ်၊ ချိုလေး ဘာမှ မပြောတာလဲ တွေ့ရော သူက ချိုလေး ပါးကို နမ်းဖို့ ကြံနေတာ ဆက်နမ်းတော့တာပဲ၊ ချိုလေး မျက်နှာအနှံ့ကို အနမ်းမိုး ရွာချပြီး နူတ်ခမ်းကို တောင် နှစ်ခါလောက် နမ်းလိုက်သေးတယ်၊ ချိုလေး မျက်လုံးကို မှိတ်ပြီး ငြိမ်ခံနေလိုက်မိတယ်၊ သူ့ နူတ်ခမ်း အထိအတွေ့ က လည်း ချိုလေး တကိုယ်လုံးကို ကြက်သည်းမွှေးညှင်း တွေ ထသွားစေခဲ့တယ်"

ကျနော် နားထောင် နေရင်း က ရှော့ ရသွားတယ် ဘာမှ ကို မပြောနိုင်တော့ဘူး၊ ကိုယ့် ကွန်ဒို က လုံခြုံလေး အဖိုးကြီးက ကိုယ့်မိန်းမ ကို မျက်နှာ အနှံ့နမ်းနေတာကို ကိုယ့်မိန်းမ က ငြိမ်ခံနေတယ်ဆိုတဲ့ အဖြစ်အပျက်၊ ချိုလေး ကိုပဲ မျက်လုံးကြီး ပြူးကြည့်နေမိတယ်။

"နောက်တော့ သူ့လက်တွေက ချိုလေး ရင်သားတွေပေါ်ကို အုပ်ကိုင်လာတယ်၊ ချိုလေး ရဲ့ ဘလောက်စ် အင်္ကျီပေါ် ကနေ အုပ်ကိုင်လိုက်တာပါ၊ ချိုလေး စိတ်ထဲမှာ စိတ်လှုပ်ရှားတာရော ကိုယ့်ကိုယ်ကို အပြစ်ကျူးလွန် မိနေပြီ ဆိုတဲ့ စိတ်ရော ရောပြွန်းပြီး ဖြစ်လာတယ်၊ နောက်တော့ အပြစ်ကျူးလွန်မိနေပြီ ဆိုတဲ့ စိတ်က ပိုပြင်းထန်လာတော့ သူ့လက်တွေကို တွန်းဖယ်ပြစ်လိုက်ရင်း၊ ဦးသာမြတ် ရှင် ဘာတွေလုပ်နေတာလဲ လို့ အော်ပြစ်လိုက်မိတယ်၊ သူ အဲတော့မှ ဆိုဖာပေါ်က ထပြီး နောက် နှစ်လှမ်းလောက် ဆုတ်ရပ်ရင်း ခေါင်းကို ငုံ့ထားလိုက်တယ်၊ ဘာမှ တော့ ပြန်မပြောဘူး၊ ချိုလေးလည်း ရှင် ထွက်သွားပါတော့ လို့ တံခါးပေါက်ကို လက်ညိုးထိုးပြီး ပြောလိုက်တယ်၊ သူက ခေါင်းငြိမ့် ပြပြီး သူ့ပစ္စည်းလေး တွေ ကောက်ယူပြီး ထွက်သွားပါတယ်"

ကျနော် တယောက် ကိုယ့်ကုလားထိုင်ပေါ် မှာ ကိုယ် ကျောက်ရုပ်လို တောင့်တောင့်ကြီး ထိုင်နေရင်းက မိုင်ပေါင်း များစွာ အကွာမှာ ရှိနေတဲ့၊ ကိုယ့်ကိုယ်ကို အပြစ်ရှိနေတယ်လို့ ခံစားနေရတဲ့ ကိုယ့် မိန်းမ ဖြစ်သူကို ငေးကြည့်နေမိတယ်၊ ကျနော်ပဲ သူ့ကို စိတ်မဆိုးပါဘူး လို့ ဂတိပေးထားပြီးပြီလေ၊ ကျနော် ကိုယ့်ကိုယ်ကို အပြောနဲ့ အလုပ်မညီတဲ့သူ မဖြစ်အောင် အမြဲထိန်းနေတဲ့သူ ဆိုတော့ ကျနော် ကြိုးစား ပြီး ပြောလိုက်နိုင်တာကတော့၊

"ပြီးတော့ ရော ဘာဆက်ဖြစ်သေးလဲ"

"ဘာမှ မဖြစ်တော့ဘူးလေ၊ သူလည်း ပေါ် မလာတော့ဘူး ၊ ချိုလေး ခြေထောက်လည်း သက်သာသွားပြီ၊ ချိုလေး အပြင်သွားစရာရှိလို့ သူတို့ ဂိတ်နားက ဖြတ်သွားရင် တယောက် နဲ့ တယောက် မဆုံအောင် ရှောင်နေကြတယ် ဒါပဲ"

"ကျနော်လည်း ဘာဆက်ပြောရမှန်းမသိ ငြိမ်နေမိသည်။

"ကိုကို စိတ်ဆိုးနေလား၊ ကိုကို့ ပုံက ဒေါသထွက်နေသလိုပဲ"

"ကိုကို စိတ်မဆိုးပါဘူး၊ ကိုကို နားမလည်တာက၊ လုံခြုံလေး သမားနဲ့...."

ကျနော် ခုမှ ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ စိတ်မသက်မသာ ဖြစ်သွားတယ် ဆိုတာကို အဖြေထုတ်နိုင်ခဲ့တယ်။

"ဆောရီး ပါကိုကို ချိုလေး တမင် ဖန်တီးခဲ့တာ မဟုတ်ပါဘူး"

ကျနော်တို့ နှစ်ယောက်စလုံး ငြိမ်သွားကြတယ်၊ ကျနော် ကျနော့် ရဲ့ ကစင့်ကလျား ဖြစ်နေတဲ့ အတွေး တွေကို စုစည်း ပြီး ကျနော့် ရဲ့ ခံစားမှု ကို ကျနော့် ရဲ့ အကျိုးအကြောင်း ဆင်ခြင်တတ်တဲ့ စိတ်ထားနဲ့ အနိုင်ယူလိုက်ပြီးမှ ချိုလေး ကို စကား ဆက်ပြောဖြစ်ပါတယ်။

"ချိုလေး ကိုကို ချိုလေး ကို ကိုကိုတို့ လက်မထပ်ခင်ကတည်းက ပြောထားခဲ့ပြီးပြီ၊ ကိုကို က လုပ်နေခဲ့တာတွေနဲ့ ချိုလေး အခု အဖြစ်အပျက် က ဘာမှ တောင် နိူင်းယှဥ်လို့ မရပါဘူး၊ ကိုကို က ဒီထက်မက ဆိုးတာတွေ လုပ်နေခဲ့ပြီး တော့ အခု အဖြစ်အပျက် အပေါ် မှာ ချိုလေး ကို စိတ်ဆိုးမယ် ဆိုရင် ဘယ်တရားပါ့မလဲ၊ ကိုကို့ စိတ်ထဲက ခံစားချက်ကို ရုတ်တရက် မထိန်း နိုင်ဘူး ဖြစ်သွားတာပါ၊ ချိုလေး ဟိုတခါတုန်း က ပါတီတခုမှာ ဟိုဘဲတဗွေ လာပြီး ကြူ တုန်းက ချိုလေး ပြောခဲ့သလိုပါပဲ၊ သီအိုရီ အရတော့ ဟုတ်နေပေမဲ့ တကယ်တမ်း ခံစား ရတော့ တမျိုး ဆိုတာအမှန်ပါပဲ၊ ဒါပေမဲ့ အဲဒါက ကိုကို့ ရဲ့ ပြဿနာပါ၊ ချစ်လေး နဲ့ ဘာမှ မဆိုင်ပါဘူး၊ ကိုကို ပြောခဲ့တာတွေ ဟာ သီအိုရီ ပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် ချစ်လေး မှာ လုပ်ပိုင်ခွင့် ရှိပါတယ်၊ ကိုကို ချမှတ်ထာားတဲ့ သဘောတူညီချက်ကို ကိုကို မဖျက်ပါဘူး၊ ချိုလေး လုပ်ရပ် ဟာ ဘာမှ မမှားပါဘူး၊ အပြစ်လည်း မရှိပါဘူး၊ ကိုကို လက်တွေ့မှာ မခံစားနိုင်တာ ခံစားနိုင်တာတွေက ကိုကို့ ရဲ့ ပြဿနာပါ၊ ကိုကို့ ဘာသာ ရင်ဆိုင်ရမှာပါ၊ အဲဒါကြောင့် ချိုလေး ဘာမှ အပြစ်ရှိတယ်လို့ ခံစားစရာ မလိုပါဘူး၊ "

"‌ကျေးဇူး အထူးတင်ပါတယ်ကိုကို"

ချိုလေး က ကင်မရာကို ဖရိုင်းကစ်စ် ကလေး လှမ်းပေးရင်း စိတ်သက်သာရသွားပုံ ရပါတယ်။

"အင်း ခု ကိုကို အလုပ်ပြန်ဝင်ရတော့မယ်၊ နောက်တော့ဆက်ပြောကြတာပေါ့"

"အိုကေ၊ အိုင်လပ်ဗယူ"

"အိုင်လပ်ဗယူ တူး"

......................
ဆက်ရန် >>>

No comments:

Post a Comment

ဣတ္တိဝင်္ကံ - အခန်း (၁၂)

ဣတ္တိဝင်္ကံ  - ထူးခြား မှီငြမ်း ဘာသာပြန် သည် အခန်း ၁၂။ "ဘမြတ် က သူ့ပုဆိုး ကို ဖြည်ချပြီး လီးကြီးကို ထုတ်လိုက်တယ်" ချို...