မင်္ဂလာသက် ကိုးနှစ်လောက်က ကုန်မှန်းမသိကို ကုန်သွားတယ်၊ ကျနော်တို့ မင်္ဂလာဆောင်ပြီး လသိပ်မကြာခင်ပဲ လွမ်းစုစုချို က ကိုယ်ဝန်ရှိလာပြီး သားလေး မိုးဟိန်းဝင်း ကို မွေးဖွားခဲ့ပါတယ်။ သားလေး မွေးပြီးတော့ ကျနော်လည်း နယ်မြို့ကလေး မှာ နေနေတဲ့ မိန်းမ နဲ့ ကလေးကို ပညာရေး အကြောင်းပြလို့ ရန်ကုန် ကို ခေါ်လာခဲ့ပါတယ်၊ ရန်ကုန်မှာ ကွန်ဒို မီနီယံလေး တခု ဝယ်လို့ နေခဲ့ကြတယ်။ ကျနော့် မိဘ တွေက တော့ သူတို့ မြေးလေး နဲ့ ဝေးရတော့ စိတ်ပူပေမဲ့ လွမ်းစုစုချို နဲ့တော့ အဆင်ပြေသွားကြပါပြီ။
ချိုလေး က ကျနော် သူ့ကို မယူခင် ပြောပြခဲ့တဲ့ မိန်းမ ကိစ္စကို သူ လိုက်နာပါတယ်။ တခါမှ စကားဦး မသန်း သလို မေးလည်း မမေးပါဘူး၊ တခါတလေ စကားပြောရင်း အကြောင်းအရာက အဲဒီဘက်ရောက်သွားရင်တောင် စကားလမ်းကြောင်းလွဲပြစ်တတ်ပါတယ်။
တခါ တော့ ဖြစ်ခဲ့ဖူးပါတယ်၊ ကျနော်တို့ အိမ်ထောင်ကျပြီးကာစ တနှစ်လောက်အကြာ၊ ညဘက် ကျနော်တို့ နှစ်ယောက် နှစ်ပါးသွားပြီး ချိန် အိပ် ယာပေါ် နားနေရင်း ကျနော်က၊
"ဝါး ချိုလေး က မယုံနိုင်လောက်စရာပဲ၊ ကလေးမွေးပြီး တော့ ဝလာတဲ့ အဆီတွေကို ပြန်ချလိုက်တာ မြန်လိုက်တာ၊ အရမ်းမိုက်ပဲ"
"ဟင့်အင်း ချိုလေး က နောက်ထပ် ငါးကီလိုလောက် အိုဗာဝိတ် ဖြစ်နေသေးတယ်"
"အာ အဓိပ္ပါယ် မရှိတာ၊ ချိုလေး ဘော်ဒီက ဒီလောက်ကြည့်လို့ကောင်းနေပြီဟာကို"
"ကိုကို က ချိုလေး စိတ်ချမ်းသာအောင် ပြောနေတာပါ"
"တကယ်ပြောတာပါ၊ ဘယ်ယောက်ျား သား မဆို ချိုလေး နဲ့ အိပ်ရမယ်ဆို ပျော်လို့ ဆုံးမှာ မဟုတ်ပါဘူး"
"တော်တော့ ကိုကိုနော်"
ချိုလေးက ကျနော့် လက်မောင်းကို ရှက်စနိုး ဖြင့် လှမ်းပုတ်လိုက်တယ်။
"ကိုကို ပြောတာ မယုံရင် စမ်းကြည့်ပါလား"
"ဟင် ဘာပြောတာလဲ"
"ကိုကို တခါမှတော့ သေသေခြာခြာ မပြောခဲ့ဖူးဘူး၊ ကိုကို သင်္ဘောပေါ် နှစ်ဝက်နီးပါးလောက် သွားနေတုန်း ချိုလေး လည်း ဆာမှာပဲ၊ ကိုကို က အတ္တသမား မဟုတ်ပါဘူး၊ ချိုလေး စိတ်လာရင်...."
"တော်တော့ ကိုကို ဆက်မပြောနဲ့တော့"
ချိုလေး ဒေါသတကြီးနဲ့ ကျနော့် ကို အော်ပြစ်လိုက်တယ်၊ နောက်တော့ ချူံးပွဲချ ငိုတော့တာပဲ၊ ကျနော်လည်း တောင်းပန်ပြီး အဲဒီကိစ္စ ကို ဆက်မပြောတော့ပါဘူး။ တခါမှကို မပြောခဲ့တော့တာ နောက် ခုနှစ်နစ်လောက် ကြာတဲ့ အထိပဲ။
နောက်တခါ အဲဒီ အကြောင်းအရာ တိုက်ဆိုင်လာတာကတော့ လွန်ခဲ့တဲ့ ခြောက်လလောက်က ပေါ့။ ကျနော့် သူငယ်ချင်း တယောက်ရဲ့ လင်မယား ဆယ်နှစ် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲ ပါတီ သွားတက်တုန်းက။ သူတို့ က လူတွေ အများကြီး ဖိတ်ထားတယ်၊ တကယ့် ပွဲကြီးကို လုပ်တာ၊ အဲဒီကောင်နဲ့ က ကျောင်းမှာကတည်းက ခင်ခဲ့တာ၊ တချို့ သူငယ်ချင်းတွေကလည်း သူတို့ ကလေးတွေနဲ့ လာကြတယ်၊ အစားအသောက်က လည်း အလျှံ့ပယ်။ ကလေးတွေ ဆော့စရာတွေလည်း ရှိတယ်။
ကျနော် နဲ့ သူငယ်ချင်း တချို့က ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောဖြစ်ရင်းနဲ့ စကားလက်ဆုံကျနေသလို၊ လွမ်းစုစုချို ကလည်း အမျိုးသမီးတွေ အုပ်စု နဲ့ စကားတွေ ပြောနေကြတယ်၊ သားက လည်း ကလေးတွေ အုပ်စု ထဲ မှာ ဆော့နေကြတယ်။ အဲလို နေရင်း တနာရီ နီးပါးလောက်ကြာတော့ ချိုလေး ကို မတွေ့မိတော့ဘူး။ ကျနော် လည်း အုပ်စုထဲ စကား ခနဖြတ်ပြီး ထွက်လာခဲ့တယ်။ ချိုလေး ဘယ်များ ရောက်နေသလဲ လို့ လိုက်ရှာမိတယ်။ လူတချို့ကို တောင် ချိုလေး ကို တွေ့မိသေးလားလို့ မေးကြည့်မိသေးတယ်။ နောက်တော့ အိမ်နောက်ဘက် ဝရံတာ မှာ ထွက်လိုက်တော့ ချိုလေး အသံကြားလိုက်တယ်၊ လှမ်းကြည့်လိုက်တော့ သူက အောက်ထပ် က ပယ်တီရို အောက်မှာ ဖုံးပြောနေတယ်။
"ဟုတ် မေမေ သမီး ကိုဟန်မျိုးဝင်း ကို ပြောကြည့်လိုက်မယ် သူ အချိန်ရမလားလို့"
ချိုလေး တယောက် သူ့အမေနဲ့ ဖုံးပြောနေတာကိုး၊ ကျနော် က သူ့ကို လက်လှမ်းဝှေ့ပြ လိုက်တော့ သူက လည်း ပြန်ဝှေ့ပြတယ်။ အဲဒါနဲ့ ကျနော်လည်း အိမ်ထဲ ပြန်ဝင်ပြီး သူ့ဆီ သွားမလို့ အောက်ထပ်ကို ဆင်းလာလိုက်တယ်။
အောက်ရောက်တော့ အိမ်နောက်ဖက်က ပယ်တီရို လေး ဆီကို သွားတော့ ပန်းခြုံ အကြီးကြီး ကို ပတ်ပြီး သွားရတယ်၊ ချိုလေးကို လှမ်းမြင်ရတဲ့ အချိန်မှာပဲ သူ့ဆီက စကားသံ ထွက်လာတယ်။
"ချစ်စရာကလေးတွေ"
"ဟုတ်တယ်နော်၊ သူတို့ အမေတွေနဲ့ တူကြလို့လားမသိဘူး"
ယောက်ျား တယောက် ရဲ့ ပြန်ဖြေသံကို ကြားလိုက်ရလို့ ကျနော် ရောက်နေတဲ့ နေရာမှာ တုံ့ ကနဲ ရပ်လိုက်မိတယ်။ ဒီအသံ မှတ်မိသလိုပဲ လို့ သစ်ရွက်တွေ အကွယ်က အသာချောင်းကြည့်လိုက်တော့ ဌေးဦး ဆိုတဲ့ ငတ ဖြစ်နေတယ်။ ဒီညနေက မှ အိမ်ရှင် က မိတ်ဆက်ပေးလို့ သိခဲ့ရတာ။ သူ က ဒီကို တယောက်ထည်း လာတာ၊ သူ့မိန်းမ အလုပ်က ခရီးခနခန ထွက်ရတယ်တဲ့ အခု လည်း ခရီးထွက်သွားလို့ သူတို့ ခလေးတွေကို ယောက်ခမ အိမ်မှာ ထားပြီး ဒီပါတီကို လာခဲ့တာဆိုပဲ၊ သူ့ကို ညနေကတည်းက ဘာလို့ သတိထားမိသလဲ ဆိုတော့ ဒီဘဲက ချိုလေး ကို တအားရှိုးနေလို့လေ။ ရှိုးတာမှ ပေါ်တင်ကြီး၊ မျက်လုံးက အခိုးတွေနဲ့ ပါးစပ်က သွားရည် ကျတော့မလိုပဲ။
ချိုလေး ကို တင်းပြီး ငေးကြ၊ ငမ်းကြတဲ့ ယောက်ျားတွေက တော့ ကျနော့် အဖို့ အဆန်း မဟုတ်တော့ပါဘူး။ ချိုလေး မျက်နှာကလည်း ချော၊ ဘော်ဒီ ကလည်း အကိတ်၊ ဆံပင်အုပ်ထူထူ နက်နက်၊ သားလေး ရပြီး မှ ဘော်ဒီက အရမ်းကို ကိတ်လာတာ၊ ထမီဝတ်ထားတာတောင် လမ်း လျှောက်လိုက်ရင် ပေါင်လုံးကြီးတွေက ထင်းနေတာ။ အိုး က လည်း အထည်ကြီး၊ ရင်သားတွေက လည်း မို့မေါက် လုံးကြွနေတာလေ။ အခု ၃၄ နှစ်မှာတောင် လူကြီးလူငယ်မရွေး ချိုလေး ဖြတ်လျှောက်သွားရင် မျက်လုံးတွေက လိုက်မကြည့်တဲ့ ယောက်ျားလေး မရှိသလောက်ပဲ။ ဒီငတ ကတော့ ချိုလေး လင်ကြီး ကျနော် ကိုယ်တိုင်ဘေး မှာ ရှိနေတာတောင် အားမနာ လျှာမကျိုး သွားရည်တမြှားမြှားနဲ့ ပြီးတော့လည်း တခြား လင်ရှိ မိန်းမ တွေလည်း ဒီကောင် လျှောက်ငမ်း ပြီး လိုက်ကျူ နေတာ တွေ့ရတယ်။ သူ့ပုံပန်း ကလည်း တကယ်တော့ သိပ်မဆိုးပါ၊ ဘော်ဒီတောင့်တောင့် ယောက်ျား ဆန်ဆန် ဆိုတော့ စော်လည်း ကြည်မဲ့ ပုံပါ၊ ကျနော် က တော့ သူ ချိုလေး ကို ကျူ မယ်ဆိုလည်း ကျူပေ့စေပေါ့ ၊ ချိုလေး လည်း သူ့ကိုယ်သူ နည်းနည်း စိတ်ပျော် သွားအောင် ကျူတဲ့ အဆင့်လောက်က တော့ ဘာဖြစ်သွားမှာမို့လဲပေါ့၊
အဲဒါနဲ့ သူတို့ မမြင်အောင် ခြုံကွယ်က နေ ရှေ့နည်းနည်းတိုးပြီး အနီးဆုံးနေရာလောက်ရောက်အောင် သွားလိုက်တယ်။ ငတ က ချိုလေးကို သူ့ဖုံးထုတ်ပြီးဖုံးထဲက ပုံတွေ ပြနေတာ တွေ့ရတယ်။
"ဒီဟာ ကတော့ ကလေးတွေ အမေပေါ့၊ ဘယ်လိုလဲ မမိုက်ဘူးလား"
"အမ က တော်တော်ချောတာပဲ"
ချိုလေးက လောကွတ်အရပြောလိုက်တာလား ဘာလားတော့မသိ၊ ငတ က နည်းနည်းလေး ရင်းလာတယ်၊
"မင်း နဲ့ ကတော့ ယှဥ်လို့ မရပါဘူး"
ချိုလေးကို ဘလိုင်းကြီး ရင်းလိုက်တော့ ချိုလေး နည်းနည်း မျက်နှာမထားတတ်သလို ဖြစ်သွားတယ်ထင်တယ်၊ ဟိုဘက်ဒီဘက်ကို မျက်လုံးဝှေ့ကြည့်လိုက်ရင်း၊ မျက်လွှာကို ချလိုက်တယ်။
"ကိုယ်တို့ ကလေး တွေချင်း ဆော့ဖို့ တရက်ရက် ချိန်းပြီး တနေရာရာ မှာ ဆုံကြရင် ကောင်းမယ်၊ မင်းရဲ့ သားကို ခုနက တွေ့လိုက်ပါတယ်၊ သူက ကိုယ့် သားအကြီးနဲ့ ရွယ်တူလောက်ဖြစ်မယ်"
"အင်း ကောင်းသားပဲ၊ ရှင့် အမျိုးသမီး ပြန်ရောက်တဲ့ အခါ ပြောလေ"
"ဟာ သူက တော့ အမြဲတမ်း အလုပ်ရှုတ်နေတာပဲ၊ သူက အကြံပေးကုမ္မဏီ တခုမှာ လုပ်တာလေ၊ ဘယ်တော့ အားပြီး ဘယ်တော့ အဲလို အချိန်ပေးနိုင်မလဲ ဆိုတာ ဘာမှ ပြောလို့ကို မရဘူး"
"အော်"
"အင်း မလွယ်ဘူးနော် ကိုယ့် ရဲ့ အိမ်ထောင်ဖက်က အဲလိုမျိုး ခရီး တချိန်လုံးသွားနေတတ်တဲ့ အိမ်ထောင်မှာ ကျန်နေခဲ့သူ က ခလေးကို တယောက်ထဲ ပြုစု ပျိုးထောင်ရတာ အတော် ခက်တာ၊ မင်း အမျိုးသား ကလည်း သင်္ဘော အင်ဂျင်နီယာဆို သူလည်း တချိန်လုံး သင်္ဘောပေါ် လိုက်နေရမှာပေါ့"
"အင်း ကျမ ကတော့ အဆင်ပြေပါတယ်"
ချိုလေး က ပြန်ပြောရင်း က ကျနော် ဘယ်ရောက်နေသလဲ ဆိုတာ ရှာသလားမသိဟိုဟို ဒီဒီ ခေါင်းကို လှည့်ပြီး ကြည့်နေတယ်။
"ကျနော်ဆိုလိုတာက ကလေး ကို ပြုစု ပျိုးထောင်တာ သက်သက် တင်မဟုတ်ဘူး ၊ တခါတလေကျတော့ တယောက်ထည်း အထီးကျန်သလို ခံစား ရလို့လေ"
ချိုလေး တယောက် ငြိမ်နေတာ တွေ့ရတယ်။ ငတိ က ဆက်ပြောနေတယ်။
"ဟေး ဒီလို လုပ်ပါလား၊ မင်း ယောက်ျား ခရီးသွားနေရတဲ့ အချိန်၊ ကိုယ့် အမျိုးသမီးလည်း ခရီးထွက်နေရတဲ့ အချိန်မျိုး တို့ နှစ်ယောက် ဆုံကြလို့ ရတယ်၊ အပျင်းပြေပေါ့၊"
အဲဒီဘဲ က ပြောပြောဆိုဆို နဲ့ သူ့အိပ်ကပ်ထဲက ကဒ်တခု ထုတ်ပြီး ချိုလေးကို လှမ်းပေးလိုက်တယ်။
"ဒီမှာ ကိုယ့် ဘိစနက်ကဒ်၊ အဲဒီ ဖုံးနံပါတ်နဲ့ ခေါ်လို့ရတယ်"
ချိုလေး က ဘာမှ မပြောဘူး ၊ ကဒ်ကို တော့ ယူထားလိုက်တယ်။
"အင်း ကိုယ် အထဲ ပြန်သွားပြီး သောက်စရာ တခုခု ယူလိုက်ဦးမယ်၊ မင်း အချိန်ရရင် ခေါ် ကွာနော်"
ဟု ပြောပြီး ချိုလေး ပုခုံးကို မထိတထိ လှမ်းပုတ်ပြီး အိမ်ထဲ ပြန်ဝင်သွားတော့တယ်။ ငတိ ရဲ့ အကွက် ကိုတော့ ကျနော်တောင် ချီးကျူး မိတယ်၊ အတင်းမတွန်းဘူး၊ အကြံပေးသလိုမျိုး မသိမသာထည့်တယ်၊ ပြီးတော့ သူ့ကို ဆက်သွယ်လို့ ရမဲ့ ဟာ ထားပေးသွားတယ်၊ ပြီးတော့ လစ်ထွက်သွားတယ်။ ကျနော် ချိုလေး ဘာလုပ်မလဲ ခနစောင့်ကြည့်လိုက်တယ်။ ချိုလေးက သူ့ပိုက်ဆံအိပ်ထဲကို ငတိ ရဲ့ ကဒ် ကလေး ထည့်လိုက်တာ တွေ့ရတယ်။ ပြီးတော့ မှ သူ့ဖုံးကို ထုတ်လိုက်တယ်။ ကျနော်လည်း အဲဒီတော့မှ ခြုံအကွယ်က ထွက်ပြီး ချိုလေး ရှိရာကို လျှောက်လာလိုက်တယ်။
"အော် အခု မှ ပေါ်လာတယ်၊ ခုန လက်ပြပြီး ဘယ်ပျောက်သွားတာလဲ"
"အောက်ဆင်းလာတုန်း လမ်းမှာ သူငယ်ချင်း တယောက်နဲ့ တွေ့ပြီး လေကြောမပြတ်နိုင်လို့၊ ဒါနဲ့ ခုနက ဌေးဦး ဆိုတဲ့ ဘဲ ဘာလာကြူနေတာလဲ"
"အိုး ကိုကို ကြားလိုက်လား သူဘာလာပြောနေလဲ ဆိုတာ"
"နည်းနည်း ကြားလိုက်တယ်"
"အင်း အရှက်နည်းတဲ့ဘဲကြီး"
"ချိုလေး သူ့ကဒ်ကို သိမ်းလိုက်တာတော့ ကိုကို တွေ့တာပဲ"
"ဘာ"
ချိုလေး မျက်နှာ ရုတ်တရက် ပျက်သွားတယ်၊ တခုခု ပြောမယ်ပြင်တုန်းမှာ အိမ်တံခါးဝက လူတယောက်ထွက်ပြီး အော်ပြောလိုက်သံကြောင့် ဘာမှ မပြောဖြစ်တော့ဘူး။
"အားလုံးပဲ အိမ်ထဲကို လာကြပါ၊ ကိတ်မုန့်ခွဲတော့မလို့"
ကျနော်နဲ့ ချိုလေး တို့ အိမ်ဆီကို လျှောက်လာခဲ့ကြပါတယ်။
...........
ဆက်ရန် >>>
No comments:
Post a Comment