ဣတ္တိဝင်္ကံ - ထူးခြား မှီငြမ်း ဘာသာပြန် သည်
ကျနော် က ကုန်တင်သင်္ဘောပေါ်မှာ အင်ဂျင်နီယာ အဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ တနှစ်မှာ အနည်းဆုံး ခြောက်လလောက်တော့ အိမ်နဲ့ ဝေးကွာနေခဲ့ရတယ်။ တခါတလေ လမ်းကြောင်းပေါ် မူတည်ပြီး နှစ်ချီကြာတတ်တဲ့ အခါလည်း ရှိတတ်တယ်။ ကျနော် ငယ်ငယ်ကတည်းက အဲလို မျိုး ကမ္ဘာအနှံ့ သွားရတဲ့ အလုပ်မျိုး ကို စိတ်ဝင်စားတာ ကလား။ ကျနော် က ရှေးရိုးဆန်တဲ့ မြန်မာ မိသားစု က နေ ကြီးပြင်းလာခဲ့တာ ဆိုတော့ အဲလို သင်္ဘောပေါ် တက်ပြီး ကမ္ဘာအနှံ့လည်း ခြေဆန့်လိုက်ရရော၊ ကျနော့် ရဲ့ အမြင်တွေက ကျယ်ပြန့် လာခဲ့တယ်။ အတွေးအခေါ် တွေလည်း ပြောင်းလာခဲ့တယ်။ ကောလိပ်တုန်းက အင်ဂျင်နီယာ စာဂျပိုး ကျောင်းသား ဘဝ နဲ့ လူပျိုရည်တောင် မပျက်ခဲ့ တဲ့ ကျနော်၊ နေ့ချင်း ညချင်းကို ဆော်မြင်ရင် ဗျင်းဖို့ ပဲ ဆိုတဲ့ ဘဲမျိုး ဖြစ်လာခဲ့တော့တယ်။
ပထမ အစက တော့ အန်စတာဒန် က မီးနီရပ်ကွက် တခု ကို သင်္ဘောပေါ် က ဘော်ဒါတွေ ခေါ် သွားလို့ ရောက်သွားရင်း နောက်တော့ ရောက်တဲ့ နိုင်ငံက မီးနီရပ်ကွက်တွေထဲ လျှောက်မွှေ၊ ပြီးမှ ဘားတွေ ကလပ် တွေမှာ စော် တွေ ဘယ်လို ဖန်လို့ ဘယ်ကို ခေါ် သွားပြီး လုပ်ရမယ်ဆိုတာ သိလာရတယ်။ ဖြည်းဖြည်း ချင်း မှ အဲဒီလို နေရာတွေမှာ စော်တွေကို ဘယ်လို အကဲခပ်ရမယ်၊ ဘယ်စော်ရနိုင်တယ်။ ဘယ်လို ဖန်ရမယ် ဆိုတဲ့ တက္ကနစ် တွေကို တတ်လာခဲ့တာပေါ့၊ ကျနော့် ကိုယ် တိုင်ကလည်း ကြည့်ကောင်းပြီး ယောက်ျား ဆန်တဲ့ ဘော်ဒီ မို့ ဂွင်ကောင်းလေး တွေ တွေ့လာရတယ်ထင်တာပဲ။
သိပ်မကြာပါဘူး ကျနော့် ရဲ့ ပထမဆုံး တညတာ အဖေါ် အမျိုးသမီး တဦး ကို ပိုက်ဆံတပြားမှ မကုန်ပဲ အိပ်ခွင့် ရခဲ့တယ်။ ဂျာမဏီ က ဟမ်းဘတ် မြို့က ၊ ဆံပင် ငွေဖြူရောင် နဲ့ အသက်သုံးဆယ် လောက်ရှိမဲ့ ဂျာမန်မ၊ သားတယောက် အမေ၊ ဘားမှာ သောက်နေရင်း နဲ့ စကားလက်ဆုံကျ၊ နောက်တော့ သူ့အိမ် ကို ကျနော့် ခေါ်သွား တယ်။ ကျနော့် အပေါ် ကနေ ခွပြီး တက်ဆောင့်တာ ကြမ်းသလားမမေးနဲ့ ကောင်းဘွိုင် မြင်းစီး သလိုပဲ ဟဲဟဲ။
ပထမ ပိုင်း အဲလို ကက တွေ ကြုံရတာ များသော အားဖြင့် အဖြူမ တွေပဲ၊ နောက်တော့ အတွေ့အကြုံ များလာတော့ လူမျိုး စုံလာတော့တယ်။ တရုပ်မ၊ အာရပ်မ၊ တောင်အမေရိက၊ အာဖရိက၊ ကုလားမ စုံသွားတာပဲ၊ အဲလို လူမျိုးစုံ စားပြီးတဲ့ အချိန်လောက်မှာ ကျနော်အသက်က ၂၅ ပဲ ရှိသေးတယ်။
ဒါပေမဲ့ ကျနော့် စိတ်ထဲ တခုခု လိုနေသလိုပဲ ထင်နေမိတယ်၊ ကျနော် စပြီးတော့ တကယ့် လက်တွဲဖေါ် လိုမျိုး လိုချင်နေမိတယ်။ အဲဒါကြောင့်ပဲ ထင်တယ်၊ တညမှာ မြန်မာ ပြန်ရောက်နေတဲ့အချိန် မြန်မာအမျိုးသမီး တယောက် နဲ့ တညတာ အဖေါ် လုပ်မိပြီး တော့ ငြိ ချင်သလို ဖြစ်သွားတယ်။ အဲဒီမှာ ကျနော် အဲဒီ မိုမိုဆောင်း ဆိုတဲ့ ကောင်မလေး နဲ့ သမီးရီးစား အဖြစ်၊ သုံးနှစ်လောက် တွဲဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ တဖုတ်သ အဖြစ်က တော့ တနှစ်လောက်ပါပဲ၊
ကျနော် က မိုမို့ အပေါ် သစ္စာ ထားဖို့ ကြိုးစား ခဲ့ပေမဲ့ တနှစ်ပဲ ခံတယ်။ ကျနော့် အကျင့် က ပြန်ဖေါက်လာတယ်။ ကျနော့် ဘော်ဒါတွေ ရဲ့ အဖြစ်အပျက်တွေကိုလည်း တွေ့နေရတယ်။ သူတို့က မိန်းမ တွေ ယူသွားကြ တယ်၊ ဒါပေမဲ့ အိမ်ထောင်နဲ့ တောင် အပြင်မှာ ရှုတ်နေကြတယ်။ ဆိုတော့ ကျနော် က ရီးစား ပဲ ရှိသေးတာ မဟုတ်လား၊ ခွေးမြီးကောက် ကျည်ထောက်စွပ် ပြန်ဖြစ်တော့တာပဲ၊ ပိုဆိုးသွားတာက သူနဲ့ ကျနော် စေ့စပ်ပြီး တဲ့ အချိန်မှာမှ သူ မိသွားခဲ့တယ်။ ကျနော် တို့ နှစ်ယောက် အကြီးအကျယ် ရန်ဖြစ်ကြရတယ်။ ကျနော် က သူ့ကို ရှင်းပြတယ်၊ သူကသာ ကျနော့် ရဲ့ ဘဝမှာ တဦးတည်းသော ချစ်သူ၊ တခြားဟာတွေက ကိုယ်ကာယ တပ်မက်မှု ၊ ခနတာ စိတ်ဖျော်ဖြေမှု ပဲ ဆိုတာ၊ နောက်ဆုံး တော့ သူက ကျနော့်ကို ပထမဆုံး အနေနဲ့ ခွင့်လွှတ်လိုက်မယ် ဆိုပြီး ပြောတယ်၊ ကျနော် ကလည်း ဘယ်လိုမှ အမြှီးက မဖြောင့် နိုင်တော့ဘူး။ နောက်တခါ ထပ်ဖြစ် တာ သူသိသွားတော့ ကျနော်တို့ နှစ်ယောက် ဘယ်လို မှ ပြန်စေ့လို့မရပဲ ကွဲခဲ့ကြတော့တယ်။
...........
အဲလိုလည်း ကွဲပြီးရော ကျနော်လည်း အရင်တုန်းက လို ပြန်ပြီး တော့ ကဲနေလိုက်တာ နှစ်နှစ်လောက် ကြာသွား တော့ ပြန်ပြီး အထီးကျန်ဆန် သလို ခံစားရပြန်ရော။
ကျနော့် မိဘ တွေက လည်း ရှေးလူကြီး ပီပီ ကျနော် အလုပ်စဝင်ကတည်းက မိန်းမ ယူဖို့ ပြောနေတာ၊ ပထမ မိုမိုဆောင်း နဲ့ စေ့စပ်လိုက်တော့ အပျော်ကြီး ပျော်လို့၊ ကျနော်တို့ ကွဲသွားတော့ သူတို့ တော်တော် စိတ်ဓါတ်ကျ သွားကြတယ်။ အဲလိုနဲ့ ကျနော် လည်း အသက် ၃၀ ပြည့် တဲ့နှစ် မြန်မာပြည်မှာ ၂လ လောက် နားဖို့ အခွင့် ကြုံတော့ သူတို့ စိတ်ချမ်းသာအောင် သူတို့ လိုက်စပ်ရှာပေးထားတဲ့ သူတွေကို ကျနော် စဥ်းစားပေးမယ်လို့ ပြောလိုက်တယ်။
အဲဒီ အမျိုးသမီး တွေက များသော အားဖြင့် ရုပ်ရည် ကြည့်ကောင်းတယ်။ ပညာတတ်တယ် ဒါပေမဲ့ အရမ်း ထူးချွန်တဲ့ ပညာရေးတော့မဟုတ်ဘူး၊ မိန်းမ ဆန်ပြီး အိမ်မှု ကိစ္စ ကျွမ်းတယ် အာ့မျိုး တွေပေါ့။ ကျနော် ကိုယ်တိုင်က လည်း သင်္ဘောလိုက်နေတယ် ဆိုပေမဲ့ ရိုးရိုး သင်္ဘောသား မဟုတ်၊ အင်ဂျင်နီယာ ဆိုတော့ ဆရာဝန် စစ်ဗိုလ် မဟုတ်ပေမဲ့ မြန်မာပြည်က မိန်းမ တွေ သဘောကျတဲ့ ခွင်ထဲမှာတော့ ရှိပါတယ်။
ပထမဆုံး အမျိုးသမီး ကတော့ အရမ်းအရမ်းကို မိုက်တာ၊ အဟီး သူ့ပုံကို တွေးကြည့်လိုက်တာနဲ့ လီးတောင် ပြန်တောင်ချင်လာတယ်။ သူ့မိသားစု ကလည်း နွေးထွေးတယ်။ မိသားစု ချင်း တခါနှစ်ခါ ဆုံပြီးတာနဲ့ ကျနော် တို့ နှစ်ယောက်ထဲ အပြင်ထွက် လယ်ဖို့ ခွင့်ပြုချက်ရတယ်။
ကျနော်လည်း မိုမိုဆောင်း နဲ့ ကြုံခဲ့ရတဲ့ အတွေ့အကြုံရယ်၊ သူငယ်ချင်းတွေ ပြောပြထားခဲ့တဲ့ အချက်အလက်တွေရယ်၊ ကိုယ့် အခြေအနေရယ်ကို ကိုယ်သိတာမို့၊ အချိန်တွေ အလဟသ မဖြစ်အောင် ဒဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ ကော်ဖီဆိုင် တခုမှာ ထိုင်ရင်း ကော်ဖီမှာ စားသောက် ဟိုအကြောင်း ဒီအကြောင်းလေး တွေ ပြောပြီးတာနဲ့ ကျနော် ကြိုပြင်ဆင်ထားတဲ့ စကားကို ပြောချလိုက်တယ်။
"ကိုယ် တို့ ရှေ့ဆက် မတိုးကြခင် ပွင့်ပွင့်လင်းလင်း ပြောစရာလေး ရှိတယ်။ ကို က သင်္ဘောပေါ်မှာ တခါတခါ သွားရင် တနှစ်ကို ခြောက်လ ကနေ ကိုးလ လောက်အထိ ကြာတတ်တယ်၊ ကိုယ်က လူငယ် ယောက်ျား စစ်စစ် ဟော်မုန်း လည်း ကြွနေတဲ့ အရွယ်၊ ဆိုတော့ သင်္ဘောပေါ် မှာ အကြာကြီးနေရတဲ့အခါ အသွေးအသား က တောင်းတ လာတတ်တယ်၊ မင်း နဲ့ အိမ်ထောင်ပြုပြီးရင် တော့ မင်းအပေါ်မှာ သစ္စာ ရှိတဲ့ ခင်ပွန်းကောင်း အနေ နဲ့ တသက်လုံး နေသွားမှာပဲ၊ ဒါပေမဲ့ သင်္ဘောပေါ် တက်ပြီး မင်းနဲ့ ဝေးကွာနေရတဲ့ အချိန်တွေမှာတော့ သွေးသား ဆန္ဒဖြေဖျောက်ဖို့ ကိုယ် တခြား အမျိုးသမီး တွေ နဲ့ အိပ်ရင် အိပ် မိလိမ့်မယ်၊ အဲဒါက ဘာနောင်ကြိုးမှ မပါ ပဲ ကိုယ်ကာယ ချင်း ရင်းနှီး မှု သက်သက်ပဲ၊ ကိုယ့် တခြား သူငယ်ချင်းတွေက သူတို့ မိန်းမ တွေ မသိအောင် လုပ်ကြ ပေမဲ့ ကိုယ်က တော့ အဲလို မလုပ်ချင်ဘူး။ အိမ်ထောင်ကို တယောက်နဲ့ တယောက် ရိုးသား ဖြောင့်မတ်ပြီး အမှန်အတိုင်း ပြောလို့ ဘာမှ ပုန်းရှိုး ကွယ်ရှိုး နဲ့ မလုပ်ချင်ဘူး၊ အဲ တော့ မင်းအနေနဲ့လည်း ...."
"ကျမ ကို အိမ်ပြန် ပို့ပေးပါတော့"
ကျနော့် စကားတောင် မဆုံးသေးဘူး သူ့ မျက်နာကြီး နီမြန်းပြီး ဒေါသတကြီးနဲ့ အော်ပြစ်လိုက်ပါတယ်။ ကျနော်လည်း ဆက်မပြောတော့ပဲ ခေါင်းကို ညိမ့် ပြလို့ သူ့ကို အိမ်ပြန်ပို့ပေးလိုက်ပါတယ်။ ကျနော့် မိဘတွေကို တော့ အဲဒီ အကြောင်းမသိစေချင်တာနဲ့ သူ့ကို တောင်းပန်ပြီး ငါ့ကို တခြားအကြောင်းတခုခု ပြပြီး ငြင်းဆန်ပေးပါလို့ ပြောခဲ့ပါတယ်။ သူက လည်း နောက်တော့ ခရီး အမြဲထွက်နေရတဲ့ ယောက်ျားကို လက်မထပ်ချင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းဆန်ပေးခဲ့ပါတယ်။
ကျနော့် မိဘတွေက တော့ သိပ် မကြည်ပါဘူး။ အဲလိုမျိုး နဲ့ နောက်ထပ် အမျိုးသမီး ၃ ဦးလောက် ဆက်တိုက် အဆင်မပြေခဲ့ပါဘူး။ ဘယ်မိန်းကလေးက မှ ကျနော့် ပေါ်လစီ ကို လက်မခံနိုင်ကြလို့ပါ။
---
အဲနောက်တော့ ကျနော့် ဘဝထဲ ကို ဝင်လာသူကတော့ ချိုလေး ခေါ်တဲ့ လွမ်းစုစုချိုပေါ့။
လွမ်းစုစုချို က ကျနော့် မိဘ တွေ အနေနဲ့ က သဘောမကျကြပါဘူး၊ သူတို့ ပတ်ဝန်းကျင်မှာတော့ မုဆိုးမ ဆိုတာ လူပျိုလေး နဲ့ မထိုက်တန်ဘူး လို့ ယူဆကြလို့ပါ။ ကျနော်တို့ နဲ့ ရင်းနှီး တဲ့ မိသားစု က လာစပ်တဲ့ အချိန်မှာ ကတည်းက သူတို့ က ခါးခါးသည်းငြင်းခဲ့တာပါ။ ကျနော့် အတွက်က တော့ အတူတူပါပဲ၊ မိန်းမ ခပ်ချောချော ခပ်ကိတ်ကိတ် လေး တယောက်ပါ။ တခု ပဲ ကွာတာက၊ လွမ်းစုစုချို က ကျောင်းပြီးပြီးချင်း အသက် ၂၂ မှာ စီးပွားရေး သမားတယောက်နဲ့ လက်ထပ်ခဲ့ပြီး သုံးလ အကြာမှာ ယောက်ျား ဖြစ်သူက ကားအက်စီးဒန့် နဲ့ သေဆုံးသွားခဲ့တာပါပဲ၊ သူ ကိုယ်တိုင်လည်း အဲဒီကားပေါ်မှာ ပါခဲ့ပြီး ကံအားလျှော်စွာ ဒဏ်ရာ အကြီးအကျယ် မရခဲ့ပါဘူး။ အခု အသက် ၂၅နှစ် အရွယ်မှာ သူက မိဘတွေနဲ့ ပြန်နေပြီး သူ့ယောက်ခမ တွေက သူ့ကို စာရင်းထဲ တောင် မသွင်းထားတော့ပါဘူး။
အဲလောက်ဆို ကျနော့် ရဲ့ နယ်မြို့လေးက ရှေးရိုးကျလှတဲ့ မိဘတွေက သူ့ကို မကြိုက်တာ ဘာလို့ ဆိုတာ သိလောက်ပြီပေါ့။ ကျနော်က တော့ ပထမဆုံးအကြိမ် စတွေ့ကတည်းက လွမ်းစုစုချို ကို သဘောကျခဲ့တယ်၊ သူက ချောတာ လှတာ၊ ကိတ်တာထက်၊ သူ့ကိုယ်သူ ယုံကြည်မှု ရှိသလိုပဲ၊ မျက်လုံးထဲမှာလည်း အသိညာဏ် ရှိမဲ့ စူးရှတဲ့ အရိပ်အယောင်ကို တွေ့ရတယ်ထင်တာပဲ။ အဲဒါက ယောက်ျား ဆုံးပြီး သုံးနှစ်လောက် ကြမ်းတမ်းတဲ့ ဘဝဒဏ်ကို ခံခဲ့ရလို့ ရင့်ကျက်လာတာလည်း ဖြစ်နိုင်ပါတယ်။
ကျနော် က သူ့ကိုလည်း အရင် အမျိုးသမီးတွေလိုပဲ ပြောကြည့်တဲ့အခါ၊ သူ့မျက်နှာမှာ ဒေါသထွက်တာ၊ အစော်ကားခံရသလို ခံစားရတာတွေ တခုမှ မရှိဘူး၊ ကျနော် ပြောတာကို အစအဆုံး နားထောင် ပြီးမှ အတော်ကြာကြာလေး ငြိမ်ပြီး စဥ်းစားနေတယ်။ ပြီးမှ၊
"ကျမ ရဲ့ ကျောင်းနေဖက် သူငယ်ချင်း တယောက်ရဲ့ ဦးလေး ကလည်း သင်္ဘောသား ပါပဲ၊ သူငယ်ချင်းက သူ့ဦးလေး က ဘယ်လို ဆိုတာ ကို အမြဲပြေလေ့ရှိပါတယ်"
"အင်း အဲတော့"
ကျနော်တို့ နှစ်ယောက် အတော်လေး ကြာအောင် စကားမပြောကြပဲ ထိုင်နေကြရင်းမှ သူက စလို့၊
"ရှင် ကျမ ဟာ အရင်က အိမ်ထောင်ကျခဲ့ဖူးတယ်၊ ဘယ်လို အဆုံးသတ်ခဲ့တယ်ဆိုတာကို သိတယ်နော်"
လို့ မေးပါတယ်။ ကျနော်က၊
"အင်း"
လို့ ဖြေတော့ သူက၊
"အဲဒါတွေကို ရှင့်အနေ နဲ့ အဆင်ပြေရဲ့လား"
"အင်း ပြေပါတယ်"
"ရှင့် မိဘတွေကရော"
"ကိုယ့် တာဝန် ထားလိုက်ပါ"
သူက ခနငြိမ်နေလိုက်ပြီးမှ၊
"မင်္ဂလာ ကိစ္စတွေ အတွက် ကျမ တို့ မှာ ဘာမှ မရှိဘူး၊ ကျမ မိဘတွေက ပထမ အကြိမ် မင်္ဂလာဆောင်တုန်းက သုံးခဲ့ကြပြီးပြီ"
"အို အဲဒါတွေအတွက် ဘာမှ စိတ်မပူနဲ့ ကိုယ် ဂရု မစိုက်ဘူး ကိုယ်က ငွေကြေး အဆင်ပြေတယ်"
လွမ်းစုစုချို က ခေါင်းကို ငြိမ့်လိုက်ပြီး၊
"ကျမ ကို နှစ်ရက် သုံးရက်လောက် စဥ်းစား ဖို့ အချိန်ပေးပေးပါ"
အဲလို နဲ့ နောက် သုံးရက်လောက် မြှောက်တဲ့ အချိန်မှာ သူက သဘောတူတယ်လို့ အကြောင်းပြန်ပါတယ်၊ ကျနော်လည်း အဲဒါနဲ့ လက်ထပ်ဖို့ စီစဥ်တော့ ကျနော့် အမေ က သဘောမတူဘူး ဆန္ဒပြပါတယ်။ ကျနော်က အဲဒါဆိုရင် နိုင်ငံခြားသူ ပဲ ခေါ်လာပြီး ယူလိုက်တော့မယ် လို့ ချိန်းခြောက်လိုက်မှ သဘောတူပါတော့တယ်။
နောက်တလအကြာမှာ ကျနော်တို့ မင်္ဂလာဆောင်လိုက်ကြပါတော့တယ်။
-------
ဆက်ရန်>>>
No comments:
Post a Comment